Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယ သုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများ အတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို၊ စက်တင်ဘာ(၃၀) ရက်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Sep 30,2021
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် အချက်များ ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များတွင် ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများပြုလုပ်
Sep 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွားလူလာများသည့် နေရာ များတွင် ယနေ့နံနက် ၁၀ နာရီက အသိပညာပေးနှိုးဆော်မှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Sep 30,2021
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ရန်အတွက်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်၇ နာရီခွဲက မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၀၀)၊၁၉လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားရှိမြေနေရာတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအားပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးလျက်ရှိ…
Sep 30,2021
စဉ့်ကူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့်(၃.၅.၂၀၂၁ )ရက်နေ့မှ စတင်၍ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးလျက်ရှိရာတွင် စဉ့်ကူးမြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များအား“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ၂၀၂၁-ခုနှစ်၊စက်တင်ဘာလ ပထမအပတ်မှစ၍လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားမြို့နယ်ဉီးစီးမှူးရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏အသက် ( ၁၀ )နှစ်ပြည့်၊ အသက် ( ၁၈ )နှစ်ပြည့်၊အသက် ( ၁၀ )နှစ်မှ ( ၁၈ )နှစ်ပြည့်လဲလှယ်၊ပျောက်၊ပျက်၊ဟောင်းနွမ်း၊ မထင်မရှားဖြစ်နေသောနိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားလိုသူများအားလည်းကောင်းအိမ်ထောင်စုလူဉီးရေစာရင်း ( ၆၆ / ၆ ) လျောက်ထားသူများအား အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ လိုက်လံနှိုးဆော်လျက်ရှိ
Sep 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်မှုလျော့နည်းစေရန် ရည်ရွယ်၍ ယမန်နေ့ညနေက ရပ်ကွက်များ အတွင်း လူစည်ကားရာနေရာများ၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို လိုက်လံနှိုးဆော်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 30,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သည် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သရက် တပင်ကျေးရွာအုပ်စုမှ ပြည်သူများအား အဆိုပါမြို့နယ်ရုံး၌ ခေါ်ယူဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25350
Page
25351
Page
25352
Page
25353
Current page
25354
Page
25355
Page
25356
Page
25357
Page
25358
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department