ဆီဆိုင်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဆီဆိုင် စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား  မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများလိုက်ပါ၍ ယမန်နေ့ နံနက် နာရီခွဲခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် သိင်္ဂါ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တောင်ရှေ့ကျေးရွာအုပ်စု၊ လွယ်ထွဲကျေးရွာ နှင့် တဘက်ကျေးရွာအုပ်စု၊ နောင်စကာကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ()ခန်းတွဲ()ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုကို လည်းကောင်း၊ အောင်ဆုပြည့်ကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် နောင်ကျောကျေးရွာအုပ်စု၊ နောင်အယ် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေနှင့် ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဆေးရုံတွင် (၂၂၈၈ စတုရန်းပေ) ခွဲစိပ်ဆောင်()ထပ် အဆောက်အဦဆောက်လုပ်နေမှုတို့ကို သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)