လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

လောင်းလုံး စက်တင်ဘာ ၃၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများကို မကျွန်းမော်ကျေးရွာ၊ကြက်လွှတ်ကျေးရွာ၊ပြင်ကြီးကျေးရွာ နှင့်ဆင်ကူးကျေးရွာ တို့မှကျေးလက်နေလုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစု နှင့် အရင်း အနှီး များရ ရှိစေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၉၀၀)အား အတိုးနှုန်း(၅)ပြားဖြင့် ထုတ်ချေး ပေးခဲ့ ကြောင်း၊ Cash For Work စီမံကိန်းလုပ်ငန်းများကို စမ်းလှမ်း၊ကဒက်ထိန်၊အင်ဝနီ၊သကျက်တော၊ လယ်လှ၊ ကျေးခုတ်ပြင်  ၊ထိန်လယ်၊စခန်းကြီး၊တောရှည်၊ပင်လယ်စခန်း၊ပြင်ကြီးကျေးရွာများ တို့၌ လုပ်ငန်းခွဲ ၁၆ ခုအား ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီးဖြစ်ကြောင်း၊မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းကျေးရွာ ၁၁ ရွာ မှ အိမ်ထောင်စုပေါင်း (၂၅၇၇) စု ကျေးရွာမတည်စီမံကိန်းကျေးရွာ(၄)ရွာမှအိမ်ထောင်စုပေါင်း (၂၁၆)စုတို့အား Covid-19 ကာလ အတွင်းစီးပွားရေး လျော့ချပေးနိုင်ခဲ့ကြောင်းသိရသည်။

သိန်း သိန်း (ပြန်/ဆက်)