ပခုက္ကူ ဩဂုတ် ၁၄
ပခုက္ကူမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ၌ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိတို့ကို ယနေ့ နံနက်ပိုင်း က ရှောင်တခင်လှည့်ကွင်း စစ်ဆေးဆောင်ရွက်ကြသည်။
မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များကို ပြည်သူများဝင်ထွက်သွား လာစားသောက်ကြရာတွင် အဝင်ပေါက်ဝများ၌ လက်ဆေးဘေစင်များ၊ Hand Gel များ ထားရှိ ပေးခြင်း၊ ကျန်းမာရေးကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ စားပွဲ၊ထိုင်ခုံများ စီစဉ်ထားရှိမှု၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ၊ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ထားရှိမှုနှင့် ရောင်းချမှုတို့ကို ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေလုအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးဘုန်းမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ရှောင်တခင်လှည့်လည် စစ်ဆေးကြပြီး လိုအပ်သည်များကို ဆွေးနွေး ညွှန်ကြားကြသည်။
မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေးနှင့်အညီ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင် နေထိုင်စားသောက်ခြင်းဖြင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် ကျန်းမာရေးနှင့် ညီညွှတ် သည့် အစားအသောက်များ စနစ်တကျချက်ပြုတ်ရောင်းချခြင်းများ ပြုလုပ်ကြစေရန်ရည်ရွယ်၍ စစ်ဆေးကြခြင်း ဖြစ်ကြောင်း သိရ သည်။
ဆလိုင်းကိုကီး