လက်ပံတန်း ဩဂုတ် ၁၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး တွင် နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပတော့မည် ဖြစ်ရာ လက်ပံတန်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မဲစာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အားလုံး မဲစာရင်း တွင် အမည်စာရင်းပါရှိရေးနှင့် မပါဝင် သင့်သူများ ပါဝင်မှုမရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ပံတန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၃) အုပ်စု၌ မဲရုံ ပေါင်း (၁၇၆) ရုံဖွင့်လှစ်သွားမည်ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၁၃၀၂၅၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဝင့်နန္ဒာဌေး