မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ စီပွားကုစားမှု အစီအစဉ်(CERP) အရမိုးစပါး RS-CS မျိုးစေ့ထုတ်စံပြကွက် တောင်သူများအား ဆင်းဧကရီ(၃) မိုးစပါးမျိုးစေ့၊ မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်

မိုးမိတ်   ဩဂုတ် ၁၄

နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီပွားကုစားမှု အစီအစဉ်(CERP) အရမိုးစပါး  RS-CS မျိုးစေ့ထုတ်စံပြကွက်  တောင်သူများအား ဆင်းဧကရီ(၃) မိုးစပါးမျိုးစေ့ ၊ မျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးစရိတ် ပေးအပ်ခြင်းအခမ်းအနားကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းကနိုင်ငံတော်အစိုးရမှ ကိုဗစ်-ကာလ အတွင်း ထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တောင်သူဘဝ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်က ထောက်ပံ့ပေးအပ်မှုတွေ စိုက်ပျိုးရေးနည်းပညာသင်တန်းတွေကို ဆောင်ရွက်ပေးလျှက်ရှိပါတယ် မိမိတို့တောင်သူဦးကြီးများကလည်း လယ်ယာကဏ္ဍ တိုးတက်မြင့်မားလာစေပြီး တောင်သူ အကျိုးစီးပွားကို  တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ သည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က  ကိုဗစ်-၁၉ ကာလမှာ တောင်သူတွေ အခွင့်အလှမ်းရရှိစေဖို့နှင့်နေရပ်ပြန်တောင်သူတွေ အလုပ်အကိုင်အခွင့် အလှမ်း များ အဆင်ပြေစေရန်တွက် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက မိုးမိတ်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး  RS-CS မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ ၊ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးစရိတ် ပေအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိုးစပါးစိုက်ဧက ၁၇၀ အတွက် တစ်ဧက တစ်တင်းနှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)