ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ်ပြည်သူ့ဆေးရုံအတွက် Masks နှင့် Hand Gel များလှူဒါန်း

မိုးမိတ် ဩဂုတ် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်  ပြည်သူ့ ဆေးရုံ အတွက် Masks နှင့် Hand Gel များ လှူဒါန်းခြင်း အခမ်းအနားကို  ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လူမှုရေးဝန်ကြီးမှ မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံအတွက် Masks အခု ၃၀၀၀ နှင့် Hand Gel ၂၄ ဘူး တို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လက်ခံရယူ ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဝန်ထမ်း အိမ်ယာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီရေးစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်းပြောကြားခဲ့သည်။

မိုးမိတ်သား(စည်သူဌေး)