ဒေါပုံ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗိုလ်ထွန်းစံ ရပ်ကွက်ရှိ အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဗီတာမင်အေ တိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက ကလေးမိဘများ အား အာဟာရဖွံ့ဖြိုးရေးအတွက် တိုက်ကျွေးရမည့် အစာအုပ်စုများ၊ အိုင်အိုဒင်းချို့တဲ့ပါက ဖြစ်ပေါ်နိုင်သည့် ရောဂါများ၊ မိုးတွင်းကာလတွင် ကလေးငယ်များ၌ အဖြစ်များ သည့် သွေးလွန်တုပ်ကွေး ရောဂါများအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်းနှင့် အသက်(၆)လမှ (၅)အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးကို တိုက်ကျွေးခဲ့ကြပြီး တိုက်ကျွေးရန် ကျန်ရှိသော ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ပူးပေါင်းလိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)