လေးမျက်နှာ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် မြတ်စေတနာ (ကုသိုလ်ဖြစ်) အခမဲ့ဆေးခန်း၌ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဆေး တိုက်ကျွေးခြင်း အစီအစဉ်တွင် (၂)နှစ်နှင့်အထက် ကလေးငယ်များကို သံချဆေးများ တိုက်ကျွေးပေးပြီး၊ (၆)လမှ (၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ယခုတိုက်ကျွေးပေးမှုမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး ယနေ့ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွင် ကလေးငယ် (၄၈၆)ဦးကို တိုက်ကျွေး ခဲ့ကြကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)