ဗန်းမောက် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းများ ပြုစုကပ်ထားကြေညာရာတွင် ဩဂုတ် ၇ ရက်နေ့ထိ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှု ရှိစေရေးအတွက် ပြည်သူ များက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရ သည်။
ဗန်းမာက်မြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက် ရှိကြောင်း၊ ယမန်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်ဆိုလွှာပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၅၇) ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာပုံစံ (၄) ဖြင့် လျှောက် ထားသူ (၃၀၂) ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် လျှောက်ထာသူ (၁၄၀) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမြတ် က ပြောသည်။
ဗန်းမောက်မြို့နယ် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင် ဦးရေ (၆၉၈၄၂) ဦးရှိပြီး မဲရုံပေါင်း (၁၁၁) ရုံရှိကြောင်းသိရသည်။
ကျော်စွာ(ဗန်းမောက်)