ထီးချိုင့် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား (စတုတ္ထအကြိမ်) ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထပ်မံ ထောက်ပံ့ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အထွေထွေ အုပ်ချုပ်ရေး ရုံးခန်းမတွင် ထောက်ပံ့ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ဌာနဆိုင်ရာများမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ထီးချိုင့်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၄၃၄၇) စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၈၆၉၄၀၀၀၀) ကျပ်ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)