အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ K9 ဘိလိယက်ခုံတွင် ကျင်းပခဲ့သည်။
Nov 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 26,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာတိကျစွာလိုက်နာကြရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်သည်။
Nov 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နင့်အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူး‌ပေါင်း၍  ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မိုင်းတုံမြို့နယ်နောင်ပါရင်ကွက်သစ်ရပ်ရှိ ဝက်မွေးမြူရေးအစုအဖွဲ့၏ ဝက်မွေးမြူရေးအ‌ခြေအနေ ဝက်ကျန်းမာရေးနှင့် ဝက်ခြံများပိုးသတ်ဆေးများလိုက်လံပတ်ဖျန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။
Nov 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း ရတနာများကို နိုဝင်ဘာလ (၂၄) ရက်နေ့က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။
Nov 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၄)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2024
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)သီရိရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Nov 26,2024
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။