ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပေါက်ခေါင်းမြို့နယ်အသင်း(ရန်ကုန်)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရအောင် သင်ကြားပေးသောဆရာ/မများနှင့်ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန် နေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း) ငွေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးရရှိသော ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသောထူးချွန်ဆုရရှိသော ဆရာ၊ဆရာမ များကိုဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကိုပေးအပ်ခဲ့သည်။

 ဆက်လက်၍ တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများကိုထပ်ဆောင်းချီးမြှင့်ခဲ့ပြီး  ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမိုးဇော်နှင့် ဆုရကျောင်းသားကျောင်းသူများ ကိုယ်စား အ.ထ.က(ပေါက်ခေါင်း) ကျောင်းမှ နှစ်ထပ်ကွမ်း လူရည်ချွန် ၅ဘာသာဂုဏ်ထူးရှင် မကြည်ဖြူခင်တို့က ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ​ဆရာမကြီးများ ၊ ဆုရ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လောမင်းကို(ပြန်/ဆက်)