အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ပညာရတနာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (အ.ထ.က- ၁) လသာ၊ ဗဟိုစံပြခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကျင်းပခဲ့သည်။
Nov 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပံသုရတနာကျော်ကုမ္ပဏီမှ ထုတ်လုပ်သော “ပြည့်လျှံ”သဘာဝမြေဩဇာနှင့် ပူးပေါင်းဆောင်ရွက်သည့် YSR -1 မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  အင်ဘက်ကုန်းကျေးရွာ၊ စနစ်တကျလယ်မြေ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးဖိုးပြုံး၏  စပါးစိုက်ခင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အလုပ်အမှုဆောင်တာဝန်ခံ ဦးမင်းဟန်၊ နေပြည်တော် MSMEအသင်းဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ ပံသုရတနာကျော်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာဝင်းကျော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
Nov 26,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာနှင့် ရွှေဥဒေါင်းကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင်  စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
Nov 26,2024
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁) မြတမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 26,2024
(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ တိုးချဲ့(၂)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲအချိန်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။