Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ရွှေမြို့နယ်၌ မိုးစပါးစိုက်သမဝါယမအသင်း တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး
Oct 26,2025
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သမဝါယမအသင်းများမှ GW-11 အထွက်တိုးစပါး စံပြစိုက်ကွက်စိုက်ပျိုးထားသည့် မိုးစပါးစိုက်သမဝါယမအသင်းများ၏ စိုက်ခင်း များကို တာဝန်ရှိသူများက ကွင်းဆင်းအသိပညာပေးခြင်းကို အောက်တိုဘာ(၂၆)ရက် နံနက်ပိုင်းက လွယ်မောကျေးရွာ ရွှေမင်းသားစိုက်/ထွေအင်းစိုက်ခင်း၊ ကြည်းထက်ကျေးရွာ မြပုလဲလယ်/ထွေအသင်းစိုက်ခင်းနှင့် သလဲဦးကျေးရွာ ရောင်နီဦးလယ်/ထွေ သမဝါယမ အသင်း မှ အသင်းသားတောင်သူများ၏ စိုက်ဧကများ၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် မြေခြားကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Oct 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီက နောင်ရဲကျေးရွာအုပ်စု မြေခြားဘုန်းတော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဒေသရှိ မန္တလေးငလျင်ဒဏ်သင့်နေအိမ်များအတွက် ပစ္စည်းဖိုးငွေများပေးအပ်
Oct 26,2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များ ပြန် လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂၆)ရက် နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု ဇရပ်ကြီးကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
Oct 26,2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင်ကုမ္ပဏီမှ ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို လမ်းပေါ်ရှိ အရှည် ပေ (၂၀) ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္မဏီမှ ဆောင်ရွက်သည့် မကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ) လမ်းပေါ်ရှိ အရှည်ပေ ၄၀ သံပေါင်၊ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၃၅၀ ဖြင့် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ အရှည်ပေ ၂၀၀ သံကူကွန်ကရစ် တံတား(ပထမပိုင်း)တည်ဆောက်နေမှုတို့ကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
Oct 26,2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများကိုယ်တိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ရက်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ဒုတိယညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းပိုင် မြေအဆာက်အဦပိုင်ဆိုင်သည့် အသင်း ၁၈ သင်းတို့မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များတက်ရောက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ
Oct 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မဟာမုနိကေလဇာတီစေတီတော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများမှ နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူ ပြည်သူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင…
Oct 26,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် ပူးပေါင်းလျက် ယနေ့နံနက် (၁၀) နာရီ အချိန်ကစ၍ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၂)ရပ်ကွက်၊ အမကကျောင်းတို့၌ ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသား မှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဒေသခံအစုအဖွဲ့ပိုင် ဝါးစိုက်ခင်းသို့ AFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများလာရောက်လေ့လာ…
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာန စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြောက်ချောင်ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်း(၁၂၅)ဧကသို့ ယနေ့နံနက်ကAFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦးနှင့် သင်တန်းဆရာ/ဆရာမ(၅)ဦးတို့ပါဝင်သော သင်တန်း ကျောင်းလေ့လာရေးအဖွဲ့များက လာရောက်လေ့လာနေကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2526
Page
2527
Page
2528
Page
2529
Current page
2530
Page
2531
Page
2532
Page
2533
Page
2534
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department