အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုံ၌ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် C12(M0,M1) ကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
Oct 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေ သကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များက တန်ငူ့ကျေးရွာအုပ်စု၊ ခေတ်မီစံပြကွမ်းခြံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
Oct 26,2025
မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ (၂၁)ရက်မှ (၃၀)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် ၇/ဈေးလမ်းရှိအထက(၂)ကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းခြင်းကို  အောက်တိုဘာ ၂၅ ရက် မွန်းလွဲ  ၂ နာရီက  ကျင်းပသည်။
Oct 26,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်‌နေ့မွန်းလွဲ (၂) နာရီက အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ Boimetric ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 26,2025
စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့၌  တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။