မိုးညို အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ရှိ အ.ထ.က (မိုးညို) ၌ (၅၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာလှည့်လည်ပွဲကို ယနေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မဟာဘုံကထိန်အလှူတော်မင်္ဂလာလှည့်လည်ပွဲကျင်းပြုလုပ်ရာတွင် အ.ထ.က (မိုးညို) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ငွေပဒေသာပင်များကို ကိုင်ဆောင်၍ အိုးစည်၊ ဒိုးပတ်အကအခုံများ၊ ကျောင်းသားကျောင်းသူလေးများ၏အကအလှများဖြင့် မြို့ပေါ် (၅) ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်၍ ဇောတိကရပ်ကွက်ရှိ သဲနုံးကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။
အဆိုပါ ကထိန်အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို သဲနုံးကျောင်းတိုက်၌ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ််ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)