ကျွန်းလှမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

ကျွန်းလှ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန် ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသည့် မီးငြိမ်းသတ်ရေးပစ္စည်းများထားရှိခြင်းနှင့် ကောင်းမွန်ခြင်းရှိမရှိ၊ ရေကန်များရေဖြည့်တင်းခြင်းရှိမရှိတို့ကို စစ်ဆေးပြီး မီးသတ်‌ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း လက်တွေ့ပြသခဲ့သည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများ၊ အလုပ်ရုံ၊ စက်ရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ