တံတား အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း (၄/၂၀၂၅)ကို ဝိဇ္ဇာဓမ္မသာသနာ့ဗိဗ္မာန်၌ ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်တန်းမြို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင် မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း နှင့်ကြုံတွေ့ခဲ့ရသောမီးလောင်မှုဖြစ်စဥ်များ သဘာဝဘေးအန္တရာယ်များအကြောင်းကို အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တံတားမြို့မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီးပုတ္တလုပ်ကျေးရွာ၊စစ်တန်းကျေးရွာ၊ မရမ်ရဘေးကျေးရွာတို့မှ သင်တန်းသား( ၃၉)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ(၅) ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)