အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2024
ကရင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားခရီးစဉ်ဒေသများ၌ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ရရှိစေရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေး၊ ခရီးသွားပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 28,2024
ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ပြည်သူတို့၏အသက်နှင့်လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
Nov 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူး‌ပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု‌လျှော့ချ‌ရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းကာ(‌အရှေ့)ကျေးရွာအုပ်စု၊ ပန်နော်‌လောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်း ထုတ်လုပ်မှုအရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်/သမများအဆင်ပြေစေရန် ယွန်းလုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့သစ် မြင်းကပါရပ် ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။
Nov 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်ပညာရေးတို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၆၀x၃၀)ပေ Steel Structure  စာသင်ကျောင်းဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 28,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင် ကျောင်းသား ကျောင်းသူလေးများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
Nov 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ထားသော ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာ တောင်သူ နန်းစံဟွမ်၏ ဆောင်းပဲပုပ် (ဆီထွက်)မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်တွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။