Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်ကျိုက်ခေါက်စေတီတော်ကြီး၌ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Oct 28,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် တန်ဆောင်တိုင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 28,2025
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးအံ့ခန်းမဆောင်တွင် ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 28,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်( ၄၇၂ ဒသမ ၂၅) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၁/၀ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၂၄ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မင်းမင်းမြင့်မှ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Oct 28,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အောက်တို ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၊ ကျေးတွင်းကုန်းကျေးရွာ၌ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများနှင့် ဒေသခံပြည်သူလူထုမျ…
Oct 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ကျေးတွင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာများအား ထပ်ဆင့်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Oct 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မရုံတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာများအား ထပ်ဆင့်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် သီးနှံမျိုးစုံ(၁၆၅၀၄)ဧ စိုက်ပျိုး
Oct 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးရာ၌ ဆည်ရေကိုအဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင် (၂၀၂၅-၂၀၂၆) ခုနှစ် မိုးရာသီ၌ သီးနှံမျိုးစုံ(၁၆၅၀၄)ဧက စိုက်ပျိုးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်အတွင်း၌ စိုက်ပျိုးထားသည့်မိုးစပါးများ အောင်မြင်ဖြစ်ထွန်း
Oct 28,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး (၆၄၂၀၁) ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2519
Page
2520
Page
2521
Page
2522
Current page
2523
Page
2524
Page
2525
Page
2526
Page
2527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department