အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community ‎Centre ခန်းမတွင် အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း‎(ကြိုသက်)တွင် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”‎ကျင်းပပြုလုပ်နိုင်ရေးအတွက် (ဒုတိယ) အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သထုံခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။
Oct 28,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
Oct 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ၌  ထိုင်းနှံကောက် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ် ၁၆၂၃ (ခ) ၊ တောင်သူ ဦးမင်းမင်း၏ စံပြကွက်စိုက်ခင်း သုံးဧက၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Oct 28,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်၉နာရီက မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကထိန်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်သာကေတမြို့နယ်ရှိ ၁/အနော်မာရပ်ကွက် စည်ပင်သာယာအမှတ်(၁)စျေးဝန်းအတွင်း ရှိဆိုင်ခန်းများအားမီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစတင်၍လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
Oct 27,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအထွက်နှုန်းမှန်ကန်စေရေး အတွက် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက တာလေမြို့၊ နားယောင်း ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။