အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​‌ရေးမှူးများ၊ စာ​​ရေးဝန်ထမ်းများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Oct 28,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စိန်ပန်းရပ်ကွက်နှင့် သံလျှက်မှော်အ‌နောက်ရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံး မှ ဝန်ထမ်းများအနေဖြင့် (၁၈) နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူ (၄) ဦးနှင့် (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီးသူ (၂၈၅) ဦး စုစုပေါင်း(၂၈၉)ဦးအား မိတ္တူထုတ်ပေးခြင်းကို အောက်တိုဘာ (၂၈) ရက်နေ့က ကွင်းဆင်းဆောင်ရွေက်ပေးခဲ့ကြောင်း သိရသည်။
Oct 28,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင်  ဆောင်းသီးနှံ (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ပေးအပ်ပွဲနှင့်  မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည်။
Oct 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက် ရန်ကင်း​စေတီ ဓမ္မာရုံတွင် ယမန်နေ့နံနက် (၈) နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကွင်းဆင်း‌ဆေးကုသပေးခဲ့ကြောင်းသိရသည်။
Oct 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာအုပ်စု၊ ဘူရားသုံးဆူကျေးရာတွင် ယခုနှစ် စက်တင်ဘာ (၁၃) ရက်နေ့မှစတင်၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဘုရားသုံးဆူ-သမ္ဘာန်ကွဲ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီ အချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
Oct 28,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အရှေ့လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ကြီး သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြည်ညိုပူဇော်ကြသည်။