ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

သုံးခွ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အောက်တို ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အ-ထ-က ၁ ကျောင်းတွင်ပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်​ရေးပွဲတော်ကျင်းပမည့် အစီအမံများကို ရှင်းလင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ထည့်သွင်းကျင်းပပြုလုပ်သွားမည့်လုပ်ငန်း ကိစ္စရပ်များအပြင်ပြပွဲများ၊ ပြိုင်ပွဲများ၊ဖျော်ဖြေရေးအစီအစဉ်များ၊ ဆုချီးမြှင့်သွားမည့် အစီအစဉ်များနှင့် အမှတ်တရလက်ဆောင်ပေးအပ်သွားမည့် အကြောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးကဏ္ဍအလိုက် ပူးပေါင်း‌ဆောင်ရွက်သွားမည့် အခြေအနေများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်းနှင့် သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)