အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်၌ တာဝန်ရှိသူများက ဘိုကလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကြပ်မတ်စစ်ဆေးလမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြသည်။
Nov 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုရည်မှန်းချက် အဆိုပြုချက်များ ရေးဆွဲတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
Nov 28,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ကြံ့ခိုင်​ရေးရပ်ကွက်ရှိ ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်အား သွားရောက်စစ်ဆေးခဲ့ကြသည်။
Nov 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့သည်။
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟု သုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ယမန်နေ့မွန်းလွဲ (၁) နာရီက ကျောက်ဆည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 28,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုလျှောက်ထားခဲ့သည့်  အထက်တန်းအဆင့် ကျောင်း(၁၅)ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း(၇)ကျောင်းနှင့် မူလတန်းအဆင့် ကျောင်း(၁၂)ကျောင်း စုစုပေါင်း ကျောင်း(၃၄)ကျောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် စမ်း‌‌ချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
Nov 28,2024
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျှက်ရှိရာ အထွက်နှုန်းကောင်းမွန်ရေးနှင့် စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် ၂၀၂၄ -၂၀၂၅ ခုနှစ် ဆောင်းရာသီနေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြေရဲ‌တောင်အုပ်စု၊ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်းရှိ နေကြာသီးနှံမျိုးယှဉ်ပြိုင်သုတေသနစမ်းသပ်ကွက် စံပြစိုက်ခင်းအတွင်း၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။