အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2025
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey   Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.IsKander Azizov နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ နံနက်ပိုင်းက ရောက်ရှိသည်။
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့တွင် ငပုတောမြို့နယ် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်‌ကောင်းမှူပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ပထမကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Nov 06,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 06,2025
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် စည်း (၅) စည်းဖြင့် လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုဝင်ဘာ (၆) ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီတာ (၄၀၀) အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
Nov 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၁၂) ခုရှိပြီး၊ တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဟင်းသီး၊ဟင်းရွက်မျိုးစုံ (၂၄၁၄) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သောလူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
Nov 06,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းသည် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့် မြို့နယ်ယာယီဥပဒေရုံးသို့ သွား‌ရောက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့သည်။