ကျောက်ဆည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးရာ၌ ဆည်ရေကိုအဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင် (၂၀၂၅-၂၀၂၆) ခုနှစ် မိုးရာသီ၌ သီးနှံမျိုးစုံ(၁၆၅၀၄)ဧက စိုက်ပျိုးကြောင်း သိရသည်။
စမာ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ အနောက် ငါးဆူ၊ ရှားပင် စသည့် ကျေးရွာအုပ်စုများပါဝင်ပြီး စပါး(၇၅၀၈)ဧက၊ ပဲတီစိမ်း(၁၈၆၇)ဧက၊ အခြားပဲ (၁၂၇၃)ဧက၊ ဖူးစားပြောင်း(၂၆၅)ဧက၊ နှံစားပြောင်း (၆၁၆) ဧက၊ ငရုပ်(၇၄၀)ဧက၊ နေကြာ (၁၀၆၆)ဧက၊ ဟင်းသီး၊ဟင်ရွက်(၅၆၈)ဧက၊ ကျွဲ၊နွားစာ(၁၀၁၃)ဧက၊ မြေပဲ(၉၈)ဧက၊ နှမ်း(၁၄၉၀) ဧက စုစုပေါင်း (၁၆၅၀၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
မိုးသီးနှံများစိုက်ပျိုးရာ၌ ဆည်ရေများကိုအဓိကထားစိုက်ပျိုးကြပြီး ဆည်ရေမရနိုင်သည့်နေရာများတွင် မြေအောက်ရေများ၊ မိုးရေများဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသီးနှံများအောင်မြင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)