မြို့သစ် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး (၆၄၂၀၁) ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မြို့သစ်မြို့နယ်တွင် တောင်သူများ မိုးစပါး စိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည်ရေလှောင်တမံ၊ ပုလင်းဆည်ရေလှောင်တမံ၊ စွန်ဆည် ရေလှောင်တမံ၊ ဆဒ္ဒန်ဆည်ရေလှောင်တမံတို့မှ မိုးစပါးအောင်ရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင် နည်းစနစ်ကျနစွာ စိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)