ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြင်ဦးလွင်  အောက်တိုဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်( ၄၇၂ ဒသမ ၂၅) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၁/၀ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၂၄ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မင်းမင်းမြင့်မှ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  

အဆိုပါလမ်းကို အဆင့်မြင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ(၅) ရွာ၊ အိမ်ခြေ (၉၆၄)အိမ်၊ လူဦးရေ(၃၈၆၇)ဦး၏ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်‌ကား‌ရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။       

ခရိုင် (ပြန်/ဆက်)