ကျောက်ဆည်မြို့နယ်တွင် ဟင်းသီး၊ဟင်းရွက်မျိုးစုံ (၂၄၁၄) ဧက စိုက်ပျိုးထားရှိ

ကျောက်ဆည် နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၁၂) ခုရှိပြီး၊ တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဟင်းသီး၊ဟင်းရွက်မျိုးစုံ (၂၄၁၄) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာ၌ တိုက်နယ် (၁) အတွင်းရှိ ကျေးရွာအုပ်စု (၇) အုပ်စုတွင် (၃၃၈)ဧက၊ တိုက်နယ် (၂) အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုတွင်(၂၃၀)ဧက၊ တိုက်နယ်(၃)အတွင်းရှိ ကျေးရွာအုပ်စု(၁၀) အုပ်စုတွင်(၁၅၀)ဧက၊ တိုက်နယ်(၄)အုပ်စုအတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စုတွင်(၃၆)ဧက၊ တိုက်နယ်(၅) အတွင်းရှိ ကျေးရွာအုပ်စု(၁၂)အုပ်စုတွင်(၅၃၆)ဧက၊ တိုက်နယ်(၆) အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၁၁၃)ဧက၊ တိုက်နယ်(၇) အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင်(၃၈)ဧက၊ တိုက်နယ်(၈) အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စုတွင်(၁၀၀)ဧက၊ တိုက်နယ်(၉) အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုတွင်(၈၃)ဧက၊ တိုက်နယ်(၁၀)အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုတွင်(၂၉၅)ဧက၊ တိုက်နယ်(၁၁) အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စုတွင်(၂၅၁)ဧက၊ တိုက်နယ်(၁၂) အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်စုတွင်(၂၄၄)ဧက စုစုပေါင်း(၂၄၁၄) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

သက်မောင် ၊ ကျောက်ဆည်