ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ) အခါတော်နေ့တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကား

ငပုတော နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့တွင် ငပုတောမြို့နယ် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်‌ကောင်းမှူပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးတွင်လည်း တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)