အိမ်မဲ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ပထမကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်က အမှာစကားပြောကြားခြင်း၊ မြို့နယ် ရွေးကောက်ပွဲ အရာရှိ ဒေါ်ခိုင်ဆွေသက် က မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဆောင်ရွက်ထား ရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းများမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ One Stop Service ရုံးတွင် မြို့နယ်မဲစာရင်းစစ်ဆေးရေး အဖွဲ့များနှင့် နယ်မြေ (၁)မှ (၅)အထိ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြင်ဆင်ထားသည့် မဲဆန္ဒရှင်စာရင်းများကို အိမ်မဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ဒုတိယအကြိမ်အနေဖြင့် နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၂၈)ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)