Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား…
Nov 07,2025
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့အထိမ်းအမှတ်…
Nov 07,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Nov 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) SPI အကောင်အထည်ဖော်ရေး မြို့နယ်အဆင်…
Nov 06,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်လာစေရန် အစပျိုးလှုပ်ရှားများအဖြစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားများမှ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်းအဖွဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်သင်တန်းကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါး လယ်ထူးဦးဆောင်ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဦးမိုးကျော်နှင့် အခြေခံပညာ အထက်တန်းအလယ်တန်း၊ မူလတန်း(လွန်) ကျောင်းအုပ်ဆရာ၊ ဆရာမများ(၄၇)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၁.၄၂၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွ…
Nov 06,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၅) ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေး လုပ်…
Nov 06,2025
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သာသနာ့ဗိမာန်တော်ကြီး အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေများအား လှည့်လည်ကြည့်ရှ…
Nov 06,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ကျင်းပ
Nov 06,2025
သာမညဖလအခါတော်နေ့အထိမ်းအမှတ်အဖြစ် မြတ်ဗုဒ္ဓဘုရားရှင်အား တန်ဆောင်တိုင်မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာများဖြင့် နှစ်စဥ်ပူဇော်နိုင်ရန် ကလောမြို့နယ်၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး ရေရှည်တည်တံ့စေရေး စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန် ကလောမြို့၏ သဘာရာသီဥတုနှင့် တိုင်းရင်းသားတို့၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာသာမကကမ္ဘာကပါ သိရှိပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ ကလောမြို့နယ်၊ မြို့နယ်သားများ၊ လူငယ်ထုတစ်ရပ်လုံးက တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ရာတွင် စုပေါင်းညီညာစွာဆောင်ရွက်နိုင်မှု၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီက မောမြေဦးပန်းခြံအနီး မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2513
Page
2514
Page
2515
Page
2516
Current page
2517
Page
2518
Page
2519
Page
2520
Page
2521
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department