Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 06,2024
ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းအကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲဖြေဆို
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ခန္တီးမြို့နယ်အတွင်းရှိ ကျောင်းများဖြစ်သည့် အ.ထ.က(ခန္တီး)၊ အ.ထ.က(ဆင်သေ)၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က(ခွဲ)နားမေတ္တာ၊ အ.လ.က(ဇီးဖြူကုန်း)ကျောင်းများမှ Grade-9 (၁၀)ဦး၊ Grade-10 (၄)ဦး၊ Grade-11 (၃)ဦး၊ Grade-12 (၄)ဦးစုစုပေါင်း ကျောင်းသား/သူ(၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ် (၁၂) နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးအစီအစဥ် ကျင်းပပြုလုပ်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေး အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၄)ရက်နေ့ နေ့လယ်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၄)ရက်နေ့နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က မိုင်းနောင်တွင် ကျောင်းအခြေပြု (KG) ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းများဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု (KG) တန်း ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် လူထုအခြေပြု (Community Centre)တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၉ နာရီအချိန်က(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် (Community Centre) ခန်းမ၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲပြုလုပ်
Dec 06,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ဒီဇင်ဘာ(၄)ရက်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2484
Page
2485
Page
2486
Page
2487
Current page
2488
Page
2489
Page
2490
Page
2491
Page
2492
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department