Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်များပေးအပ်ပွဲ ကျင်းပ
Nov 06,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်အကျဉ်းထောင်၌ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်း ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်
Nov 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အကျဉ်းထောင်၌ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပြည်ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့်ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၅ ရက်က အကျဉ်းသား ၁၂၄ဦး၊အကျဉ်းသူ ၂၀ ဦး စုစုပေါင်း ၁၄၄ ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများအား ကွင်းဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Nov 06,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက ဇီးကုန်းကလေးရပ်ကွက် သကျမဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်လေ့ကျင့်ခြင်း ဆောင်ရွက်
Nov 06,2025
ရမည်းသင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး လက်တွေ့စမ်းသပ် လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Nov 06,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်ယာလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေး
Nov 06,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိရပ်ကွက်၊ မန္တလေးလမ်းဘေး စက်စက်ယိုချောင်းတွင် (၂၀၂၅-၂ဝ၂၆) ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ကောင်စီဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၂၃ ဒသမ ၃၈၄ သန်းဖြင့် ဆောင်ရွက်ထားသော( အလျား ၇၈ ပေ × အမြင့် ၈ ပေ) ကျောက်စီမြေထိန်းနံရံပြုလုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ လှပစေရေး၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ အမြန်ဆုံးပြုပြင်နိုင်ရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 06,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆) လ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လ သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်
Nov 05,2025
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2486
Page
2487
Page
2488
Page
2489
Current page
2490
Page
2491
Page
2492
Page
2493
Page
2494
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department