အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ(၄)ရက်နေ့ နံနက် (၉)နာရီက စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ယမန်နေ့နံနက်ပိုင်းက စျေးများတွင် လိုက်လံစစ်ဆေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား/ကျောင်းသူများရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်အားကစားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုအသိပညာပေး Campaign ကို မြို့မဈေးနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဝယ်ယူ စားသုံးသည့် မုန့်ပဲသွားရည်စာများ ရောင်းချသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှုရှိ/မရှိအခြေအနေများအား ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဖြူးအရှေ့ကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာ မူလတန်းလွန်ကျောင်းတို့တွင် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စားအုန်းဆီများ ဈေးနှုန်းချိုသာသော ရည်ညွှန်ဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် ဘိုကလေးမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီဝယ်ယူခွင့်လက်မှတ်များ ထုတ်ပေးလျက်ရှိသည်။
Dec 06,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။