Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး အေးသာယာစက်မှုဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး (၁၀ မဂ္ဂါဝပ်) လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ကွင်းဆင်းကြည့်ရှု
Nov 05,2025
ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်အကွက်ကြီးအမှတ်(၁၀၂)တွင် UNI ENERGY CO.,Ltd.မှ ဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀-မဂ္ဂါဝပ်)စီမံကိန်းသို့ နိုဝင်ဘာ၅ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက စီမံကိန်းပထမအဆင့်တွင် လျှပ်စစ်ဓါတ်အား (၅ မဂ္ဂါဝပ်) ထွက်ရှိမည်ဖြစ်ကြောင်း၊ Battery Container နှင့် ဆက်စက်ပစ္စည်းများအားလုံးရောက်ရှိပြီးဖြစ်ပါကြောင်း၊ Solar Panel များတပ်ဆင်ထားရှိမှုမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ 11 KV ဓာတ်အားလိုင်း ပေ ၁၇၀၀၀ သွယ်တန်းခြင်းတွင် ပေ ၁၂၀၀၀ သွယ်တန်းပြီးဖြစ်ပါကြောင်းနှင့် စီမံကိန်းအားလုံး၏လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကျင်းပ
Nov 05,2025
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ ကြိုဆိုဂုဏ်ပြု ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဝန်ထမ်းအိမ်ရာတည်ဆောက်ရန်ပန္နက်တင်၊ ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ
Nov 05,2025
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ (၄)ခန်း တွဲ၊ (၄)ထပ် ဆရာဝန်အိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင်မင်္ဂလာကို နိုဝင်ဘာ ၅ ရက် နံနက် ပိုင်းက အဆိုပါအဆောက်အဦတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတာ်အကြို ပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများ စတင်ကျင်းပ
Nov 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနတွင် အောက်တိုဘာ (၅) ရက် နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း
Nov 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို စတင်ရိတ်သိမ်း နေကြပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများပြား
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သော နို၀င်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ပြည်တွင်းခရီးသွားဧည့်သည် (၁၀၈၀၉) ဦး၊ ပြည်ပခရီးသွားဧည့်သည် (၄၅၉) ဦး၊စုစုပေါင်း (၁၁၂၆၈) ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင် ဓနုဖြူမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီ
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတု တော်များမြို့တွင်းသို့ အပူဇော်ခံကြွချီခြင်းနှင့် ဆရာတော်သံဃာတော်များအန္တရာယ်ကင်းပရိတ်ရွတ်ဖတ် အပူဇော်ခံကြွချီခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မြို့တွင်းသို့ လှည့်လည်အပူဇော်ခံကြွချီခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှ လပြည့်ကျော် (၁)ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2488
Page
2489
Page
2490
Page
2491
Current page
2492
Page
2493
Page
2494
Page
2495
Page
2496
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department