ရွှေတောင်မြို့နယ်၌ ဆောင်းသီးနှံ (၅၇၆၀၀) ဧကစိုက်ပျိုးသွားမည်

ရွှေတောင် နိုဝင်ဘာ ၆

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၅၇၆၀၀) ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်း လာမည်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေးစပါး (၂၇၄၄) ဧက၊ နေကြာ (၉၉၀) ဧက၊ မြေပဲ (၁၅၈၉၃) ဧက၊ နှမ်း (၄၆၇၅) ဧက၊မတ်ပဲ(၂၀၀၅၃)ဧက၊ ပဲတီစိမ်း(၁၀၅၀)ဧက၊ ပဲလွန်း (၂၀၇၀) ဧက၊ ဘိုကိတ်(၃၂၀၅) ဧက၊ ထောပတ်(၄၂၁၀)ဧက၊ ကုလားပဲ( ၃၀၄)ဧက၊ ပဲကြီး (၁၈၈၀) ဧကနှင့် ပဲနောက် (၅၂၅) ဧက စုစုပေါင်း (၅၇၆၀၀) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးဧရိယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား မှတ်တမ်းလွှာနှင့်အတူတာ ဝန်ပေးအပ်ခဲ့ကြောင်း တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း