သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

သင်္ဃန်းကျွန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀)နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိရာ Biographic/ Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

Smart Card များအား အစိုရရုံးပိတ်ရက်များမှအပ နေ့စဥ်နံနက်၉း၃၀ မှညနေပိုင်းအထိ လျှောက်ထားသည့် ပြည်သူများအားထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇော်မိုး(သင်္ဃန်းကျွန်း)