ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တန်း နို၀င်ဘာ ၆

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို တံတားမြို့၌ ယနေ့နံနက် ၇ နာရီအချိန်က  ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ဝင်းမှသင်းတန်းဖွင့်ခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့‌ ပြီးသင်တန်းကို ဖိတ်ကြားထားသူများ၊ ရပ်မိ ရပ်ဖများ ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုများ ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၆၀ ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းသားများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ  စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။

သန့်ဇင်ထွန်း