Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Nov 06,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၈၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Nov 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၈၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်ည၌ ဘိုကလေးမြို့နယ်တွင် (၃၉) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နိုဝင်ဘာ (၃) ရက်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး တန်ဆောင်မုန်းလပြည့်ည၌ ဘုရားပွဲတော် ဒုတိယနေ့အဖြစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော စံပြမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (၅၂၃၃၄) ဧက စိုက်ပျိုးထားရှိပြီး တောင်နောက်၊ ကျားကာ၊ ပွတ္တိုင် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားသော စံပြမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး သန်လျင်- သုံးခွ- ခရမ်းသွားလမ်းမကြီးအား ပြုပြင်
Nov 06,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ လျင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် သန်လျင် - သုံးခွ - ခရမ်းသွားလမ်းမကြီးအား လမ်းတိုးချဲ့ခြင်း၊ မိုးတွင်းကာလ ပျက်စီးလျက်ရှိသောနေရာများအား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား
Nov 06,2025
မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆုတောင်းပြည့်စေတီတော်၊ ရွှေစည်းခုံစေတီတော်၊ သင်္ကန်းနက်ဘုရား၊ ရွှေနန်းပိုင်ဘုရား၊ ရွှေခရုတောက်ဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ကန်လယ်ဘုရားတို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ကျောင်းသားဟောင်းကြီးများ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပ
Nov 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျောင်းသားဟောင်းကြီးများမှ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်သူများဖြင့် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မြန်မာလူမျိုးတို့၏ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်…
Nov 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝဖြန့်ဝေပေးနိုင်ရန် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသော တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2483
Page
2484
Page
2485
Page
2486
Current page
2487
Page
2488
Page
2489
Page
2490
Page
2491
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department