မြန်အောင် နိုဝင်ဘာ ၆
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ညချမ်းတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့သမိုင်းဝင်ရွှေဘုံသာဘုရားတွင်ဆီမီး(၃၀၀၀)ပူဇော်ပွဲနှင့်နှင့် ဘုရားစေတီပုထိုးများတွင် လျှပ်စစ်မီးရောင်စုံပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် လျှပ်စစ်မီးရောင်စုံများဖြင့် ပူဇော်ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့သမိုင်းဝင်ရွှေဘုံသာဘုရား ဆီမီး(၃၀၀၀) ပူဇော်ပွဲတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပရိတ်အသင်းအဖွဲ့များ စုပေါင်း၍ ဆီမီးပူဇော်ထွန်းညှိခဲ့ကြသည်။
အလားတူ မြန်အောင်မြို့ ဆုတောင်းပြည့်ဘုရားနှင့် ပြည်တော်အေးဘုရားတို့မှ ဧရာဝတီမြစ်အတွင်း ဆီမီးတစ်ထောင်ပန်းတစ်ထောင် မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခြင်း၊ မြို့မတဲကြီးကုန်းကျေးရွာမှ ဆီမီးတစ်ထောင်လှည့်လည်ပူဇော်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်