အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှု အရကိုဗစ်-၁၉ ကာလအတွင်းစျေးသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ
Jan 22,2021
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး ထပ်ဆင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့ဝင်များက ဝင်းကြီး ကျေးရွာအုပ်စုနှင့် ကဒပ္ပနကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်း ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ မဖြစ်ပေါ်စေရန်
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ Quarantine Centre အသီးသီးမှ လူ(၂၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို မူဆယ်အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့က ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်လမ်းတွင် Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှု‌ရေးအသင်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က ယမန်နေ့တွင် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြစ်ကြီးနားမြို့လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်ပါသည့် ဗွီနိုင်းကြော်ငြာဆိုင်းဘုတ်အား စိုက်ထူခြင်းကို လီဒိုလမ်းမကြီးဘေး၌ ပြုလုပ်ခဲ့ကြသည်။