Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Jan 19,2021
မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စည်ပင်သာယာစျေးနှင့် ယာယီပျံကျစျေးတို့ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 19,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကတွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask & Face Shield Yellow Campaign ပြုလုပ်
Jan 19,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask & Face Shield Yellow Campaign) ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်တွင် ပလပ်စတစ်ခြင်းရက်လုပ်ခြင်း သင်တန်းဖွင့်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် လွယ်မောက်တောင်ကျေးရွာတွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး လေ့ကျင့်ဆောင်ရွက်
Jan 19,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အများပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက် လာပါကလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မိုးလုံ လေလုံ အားကစားရုံဖွင့်ပွဲ ပြုလုပ်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ Steel Structure အမျိုးအစား မိုးလုံ လေလုံ အားကစားရုံ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး(အခမဲ့)ထိုးနှံပေး
Jan 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ "(၂၀၁၈−၂၀၃၀) ခုနှစ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး" ရည်မှန်းချက်အတွက် ရပ်ကွက်၊ ကျေးရွာနှင့် ဘုန်းကြီးကျောင်းများရှိ အိမ်မွေး ခွေးများကို ယနေ့နံနက်ပိုင်းက ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့)စတင် ထိုးနှံပေးလျက်ရှိရာ ခွေးအကောင်ရေ စုစုပေါင်း (၁၀၀)ကောင်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လိုက်လံအသိပေးနှိုးဆော်
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ပေါင်းတည်မြို့ပေါ်ရှိ ရပ်ကွက်များသို့ သုံးဘီးဆိုင်ကယ်ဖြင့် လှည့်လည်ကာ လိုက်လံအသိ ပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23569
Page
23570
Page
23571
Page
23572
Current page
23573
Page
23574
Page
23575
Page
23576
Page
23577
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department