Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၁ ဖွင့်ပွဲ ကျင်းပ
Dec 25,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စား ဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၁ ဖွင့်ပွဲကို ယနေ့နံနက် (၇း၃၀) နာရီက ခရိုင်ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံ၌ ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 25,2021
ကရင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်သူ(၅၉၃)ဦးရှိကြောင်း သိရှိရ
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာ (၂၅) ရက် နံနက်(၁၀)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိသူ(၅၉၃)ဦးရှိပြီး ဆေးဝါးကုသမှု ခံယူနေသူတစ်ဦးမျှမရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Dec 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက နောင်မွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန်အတွက် အစိုးရအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ
Dec 25,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန်အတွက် အစိုးရအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲပထမအဆင့်ကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်
Dec 25,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူ များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများလက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်ရေဖြေစာမေးပွဲ ကျင်းပ
Dec 25,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်ရေးဖြေစာမေးပွဲကို မြို့တော်ဦးပရိယတ္တိစာသင် တိုက်၌ ယမန်နေ့နေ့လယ်ပိုင်းက စတင်ဖြေဆိုကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကဗျာရွတ်နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အ.မ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာမများပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23567
Page
23568
Page
23569
Page
23570
Current page
23571
Page
23572
Page
23573
Page
23574
Page
23575
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department