အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့နယ်အားကစားကွင်းဝင်း၌ တည်ဆောက်လျက်ရှိသော ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Dec 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်
Dec 25,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေ တွင်ခရစ္စမတ်ရုံးပိတ်ရက် ဖြစ်သည့်ယနေ့ (၂၅.၁၂.၂၀၂၁)ရက်နေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျှက်ရှိသည်။
Dec 25,2021
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှကျင်းပပြုလုပ်သော(၆၈) ကြိမ်မြောက်အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။