ပြင်ဉီးလွင် ဒီဇင်ဘာ ၂၅
ခရီးသွားလေ့လာရေးပြည်သူများနှင့် ဒေသခံပြည်သူများ ရှမ်းပြည်နယ် (မြောင်ပိုင်း)၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲ မြို့နယ်ကြား၊ မန္တလေး - လားရှိုး မီးရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားသို့ လေ့လာအပန်းဖြေနိုင်ရန် အတွက် နေ့ချင်းပြန်ခရီးစဉ် ဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီခွဲက ပြင်ဉီးလွင်ဘူတာ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လေ့လာရေးခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ တက်ရောက် သည်။
အဆိုပါ ခရီးစဉ် ဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဘာကျော်ဂုတ်ထိပ်တံတားသို့ လေ့လာအပန်းဖြေ နေ့ချင်းပြန်ခရီးစဉ် လိုက်ပါစီးနင်းသူ များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ၏ ကမ္ဘာကျော်ဂုတ်ထိပ်တံတားသည် တံတားတည်ဆောက်ပုံမှာ နည်းပညာအဆင့်မြှင့်မားခြင်းနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတွေကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလျက်ရှိသည့် ဂုတ်ထိပ်တံတားသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများထဲမှ ထင်ရှားတဲ့လေ့လာအပန်းဖြေနေရာတစ်ခုပင် ဖြစ်ပါသည်။
အဆိုပါ ခရီးစဉ်သည် ပြင်ဉီးလွင်ဘူတာမှ နံနက် (၈) နာရီမှစတင်ပြီး (၁၃၁) အဆန်မီးရထားဖြင့် လူတစ်ဉီးလျှင် အသွား (၅၅၀) ကျပ်၊ အပြန် (၅၅၀) ကျပ်ဖြင့် လိုက်ပါစီးနင်းလျက်ရှိပြီး ဂုတ်ထိပ်ဘူတာသို့ နံနက် (၁၁) နာရီအချိန် ရောက်ရှိမည်ဖြစ်ရာ ဂုတ်ထိပ်တွင် (၁) နာရီ အပန်းဖြေ အနားယူ လည်ပတ် ဓါတ်ပုံရိုက်ကာ နေ့လည် (၁၂) နာရီတွင် ဂုတ်ထိပ်ဘူတာမှ ပြင်ဉီးလွင်ဘူတာသို့ ပြန်လည်ထွက်ခွာ၍ ညနေ (၃) နာရီအချိန်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၊ နံနက် (၈) နာရီမှစတင်ပြီး ပြင်ဉီးလွင်ဘူတာမှ ဂုတ်ထိပ်သို့ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)