ဂွ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းများကို ယမန်နေ့က ဂွ-ငါးသိုင်းချောင်း မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်း မရှိစေရေး အသိပညာပေး ခြင်းကိုဂွမြို့နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်