ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန်အတွက် အစိုးရအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ

ရန်ကင်း    ဒီဇင်ဘာ   ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန်အတွက် အစိုးရအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲပထမအဆင့်ကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲတွင် အဘိဓမ္မာစာမေးပွဲ ပထမဆင့် စာရင်းရှိအမျိုးသား(၇)ဦး၊ အမျိုးသမီး(၂၅) ဦး စုစုပေါင်း (၃၂)ဦး ရှိရာ ဝင်ရောက်ဖြေဆိုသူ အမျိုးသား(၆) ဦး၊ အမျိုးသမီး (၁၁)ဦး စုစုပေါင်း (၁၇)ဦး၊ ဂုဏ်ထူးဆောင်စာမေးပွဲ ပထမဆင့်တွင်စာရင်းရှိ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း(၁၁)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ အမျိုးသား (၃)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း ဖြေဆို သူ (၅)ဦး၊ ဝိသုဒ္ဓိမဂ် စာမေးပွဲ ပထမဆင့်တွင် စာရင်းရှိ (၂၇)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁၀)ဦး စုစုပေါင်းဖြေဆိုသူ (၁၃)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာမေးပွဲလာရောက် ဖြေဆိုသူများအား အပူချိန်တိုင်းခြင်း၊ သွေးကပါင်ချိန်တိုင်းခြင်းများ ပြုလုပ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် စာမေးပွဲအား ဒီဇင်ဘာ (၂၄)ရက်မှ (၂၆)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)