ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်သူ(၅၉၃)ဦးရှိကြောင်း သိရှိရ

ကျောက်ဆည်  ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာ (၂၅) ရက် နံနက်(၁၀)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိသူ(၅၉၃)ဦးရှိပြီး ဆေးဝါးကုသမှု ခံယူနေသူတစ်ဦးမျှမရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးများ ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများနှင့် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူနှင့် ထိတွေ့ခဲ့သူများအား နေ့စဉ်Test  Kit ဖြင့်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ အမျိုးသား(၃၈၄)ဦး၊ အမျိုးသမီး(၃၁၅)ဦး၊ စုစုပေါင်း (၆၉၉)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၃၂)ဦး၊ အမျိုးသမီး(၂၆၁)ဦး၊ စုစုပေါင်း(၅၉၃)ဦး၊ သေဆုံးသူ အမျိုးသား(၅၂)ဦး၊ အမျိုးသမီး (၅၄)ဦး စုစုပေါင်း(၁၀၆)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသူ တစ်ဦးမျှမရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သက်မောင်